ပိတ်ထားတဲ့ဆိုဒ်တွေကို Ultrasulf နဲ့ကျော်ပြီး Resume ပြန်ဒေါင်းနိုင်တဲ့နည်းလေးပါ

 
ကျွန်တော်တို့မြန်မာနိုင်ငံမှာတော့ တော်တော်များများဆိုဒ်တွေကိုဝင်လို့မရဘူးဗျား..အဲ့ဒီတော့ ဘန်းကျော်ဆိုဒ်တွေကိုသုံးပြီးကျော်ရခွရတော့တာပေါ့.. ဒါပေမယ့်အဲ့ဆိုဒ်တွေနဲ့ကျော်တာက စာပဲဖတ်လို့ရတယ်လေ.. www.mediafire.com လိုဆိုဒ်တွေကိုဝင်မယ်ဆိုရင် ၀င်လို့တော့ရပေမယ့် Down Link ကကျမလာပါဘူး.. အဲ့ဒီတော့ freedom တို့ ၊ freegate တို့လို့ဆောဝဲမျိုးတွေသုံးပြီး ကျော်ဒေါင်းရတယ်..
အဲ့ဆော့ဝဲတွေကျပြန်တော့လည်း premium account လောက်နဲ့ဒေါင်းမှပဲ ဒေါင်းလင့်ကကောင်းတာမလား.. free account တွေနဲ့ဒေါင်းလို့ကတော့ ကွန်နက်ရှင်ကစိတ်ပါမှလိပ်သာသာသွားနေတာ.. အခုတော့ဒေါင်းရတာ ပေါ့ပေါ့ပါးပါးရှိတဲ့ Ultrasulf ဆိုတဲ့ဆော့ဝဲလေးနဲ့မိတ်ဆက်ပေးချင်တာပါ.. သူကအင်စတောလုပ်စရာလဲမလိုပါဘူး.. portable လေးပါပဲ.. အဲ့..တစ်ခုပဲရှိတယ် .. သူကဒေါင်းနေရင်း error message ကျလာပြီးဆိုရင် ဆက်ဒေါင်းလို့မရတော့ပါဘူး.. ဆက်တိုက်ဒေါင်းနိုင်မှရတာလေ.. stop/puse ဒေါင်းခွင့်မပေးဘူး.. အခု stop/puse ပြန်ဒေါင်းလို့ရတဲ့နည်းလေးကိုပါပြောပြမှာပါ..


အရင်ဆုံး Ultrasulf software နောက်ဆုံးဗားရှင်းကို ဒေါင်းလိုက်ပါ.. http://www.ultrareach.net/ ဒါကသူ့မူရင်းဆိုဒ်ပါ.. ပြီးရင် Double click နှိပ်ပြီး Run လိုက်ပါ... သူတက်လာရင် proxy သုံးတဲ့သူတွေကတော့ Option >> Proxy settings >> Manual proxy settings မှာကိုယ်သုံးတဲ့ proxy ကိုထည့်ပေးပြီးအိုကေလုပ်လိုက်ပါ.. Connecting လုပ်နေပါလိမ့်မယ်... "Status: Successfully connected to server!" လိုပြောင်းသွားပြီးဆိုရင်စသုံးလို့ရပါပြီး.. ကိုယ်သုံးချင်တဲ့ broser ကိုဖွင့်လိုက်ပါ.. broser ရဲ့ proxy မှာ localhost (သို့မဟုတ်) 127.0.0.1 လို့ထည့်လိုက်ပါ.. prot မှာ 9666 ကိုထည့်လိုက်ပါ.. စသုံးလို့ရပါပြီဗျား.......ပိတ်ထားတဲ့ ကြိုက်တဲ့ဆိုဒ်ကိုဝင်ပြီး IDM ကိုသုံးပြီး ဒေါင်းလုပ် ဆွဲလို့ရပါပြီး.. IDM ရဲ့ proxy ကိုပါ ချိန်းပေးရမှာပါ...အဲ့.. ခုနပြောသလို Download ဆွဲနေရင်းနဲ့ error message တက်လာပြီဆိုရင်တော့ OK ကိုနှိပ်ပြီးပိတ်လိုက်ပါ.. "close ie and exit" လား "keep ie and exit" လားလို့မေးတဲ့ message တစ်ခုတက်လာပါလိမ့်မယ်.. "keep ie and exit" ကိုရွေးပြီးပိတ်လိုက်ပါ.. Download ဆွဲထားတာကိုလည်း 'cancel' နှိပ်ပြီးထွက်လိုက်ပါ.. ပြီးရင် Ultrasulf ဆော့ဝဲကို စ Run စဉ်တုန်းက Desktop ပေါ်မှာ u.ini ဆိုတဲ့ဖိုင်တစ်ခုရယ်.. utmp နာမည်နဲ့ cookies တွေသိမ်းထားတဲ့ဖိုဒါတစ်ခု ရောက်လာပါလိမ့်မယ်.. အဲ့နှစ်ခုကိုမဖျက်ပစ်လိုက်ပါနဲ့.. အခု Resume ပြန်ဒေါင်းတဲ့နည်းကိုပြောပါမယ်.. utmp folder ကိုဖွင့်ပြီး အထဲကဟာတွေအားလုံးကို ဖျက်ပစ်လိုက်ပါ.. ပြီးရင် ultrasulf ဆော့ဝဲကိုပြန်ရမ်းလိုက်ပါ.. successfully ဖြစ်သွားပြီးဆိုရင် IDM ကိုဖွင့်ပြီး ဆွဲလက်စဖိုင်ပေါ်မှာ ... right click >> resume (သို့မဟုတ်) refresh download address  ကိုနှိပ်ပြီး resume ပြန်ဒေါင်းလို့ရပါပြီး..  အဆင်မပြေတာလေးတွေရှိရင်တော့ ကွန်မန့်လေးတွေထားခဲ့ပေးပါဗျား.. ဆက်ရှင်းပြပါ့မယ်..

ကျော်ရခွရခြင်းဒုက္ခမှ ကင်းဝေးပြီး လိုအင်ဆန္ဒပြည့်ဝကြပါစေ......
ဆက်လက်မျှဝေပါဦးမည်.........