ချောင်းတဖက်ကမ်း ခပ်လှမ်းလှမ်းတွင်
စိမ့်စမ်းရေသွယ် ခွေရစ်လည်လျက်
မြညှာရွက်တို့ ချိုမြက်သီနှံ
ပေါပြည့်လျှံသည့် တောရံတစ်အုပ်ရှိသတဲ့။
စိမ့်စမ်းရေသွယ် ခွေရစ်လည်လျက်
မြညှာရွက်တို့ ချိုမြက်သီနှံ
ပေါပြည့်လျှံသည့် တောရံတစ်အုပ်ရှိသတဲ့။
ဒီတစ်ဖက်ကမ်း ချောင်းရိုးတန်းမှ
ဖြတ်သန်းကျော်လွှား လူတိုင်းသွားရန်
တံတားနှစ်ခုရှိတယ်ဟာ။
ဖြတ်သန်းကျော်လွှား လူတိုင်းသွားရန်
တံတားနှစ်ခုရှိတယ်ဟာ။
တံတားတစ်ခု ထုထည်ခိုင်ခံ့
ကြံ့ကြံ့မတ်မတ် သစ်ဝါးညှပ်၍
သပ်ရပ်တည်ရှိနေပါ၏။
ကြံ့ကြံ့မတ်မတ် သစ်ဝါးညှပ်၍
သပ်ရပ်တည်ရှိနေပါ၏။